အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training) (၆/၂၀၂၂) ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ             ​

ချောက် သြဂုတ် ၂၉

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့​ရေနံနှင့်သဘာဝဓာတ်​ငွေ့လုပ်ငန်း၊ ​ချောက်/ လမ်းရွာ​ ရေနံ​မြေနှင့်အကျိုးတူပူး​ပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (မ​ကွေးတိုင်း​ဒေသကြီး)တို့ ပူး​ပေါင်းဖွင့်လှစ်​သော အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training)(၆/၂၀၂၂) အဖြစ် (ဆိုင်ကယ်ပြင်သင်တန်း) သင်တန်းဆင်းပွဲအခမ်းအနားကို ယ​နေ့နံနက် ၉နာရီအချိန်က အမှတ် (၂) လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ​ ချောက်/ လမ်းရွာ​ရေ​နံ​မြေ အ​ထွေ​ထွေမန်​နေဂျာ ဦးရဲနိုင်က (CSR) အစီအစဉ်ဖြင့် အသက်​မွေးဝမ်း​ကျောင်း ပညာသင်တန်း (Vocational  Education Training) ဖွင့်လှစ်ခဲ့မှုအ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို​နောက် သင်တန်းသားများအား​ ချောက်/ လမ်းရွာ​ရေနံ​မြေအ​ထွေ​ထွေမန်​နေဂျာနှင့် တာဝန်ရှိသူတို့က သင်တန်းသား(၁၇)ဦးအား သင်တန်းဆင်း​အောင် လက်မှတ်များပေးအပ်ခဲ့ရာ သင်တန်းသားများ ကိုယ်စားသင်တန်း​ခေါင်း​ဆောင်မှ လက်ခံရယူခဲ့ပြီး သင်တန်းတွင်စိတ်ဝင်တစား တက်ကြွစွာပါဝင်​ဆောင်ရွက်ခဲ့ကြ​သော သင်တန်းသား(၃)ဦးအား အမှတ်တရလုပ်ငန်းသုံးပစ္စည်းများ လက်​ဆောင်​ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးမှ၏​ ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့သည်။

အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational  Education Training) (၆/၂၀၂၂) အ​ဖြစ် ဆိုင်ကယ်ပြင်သင်တန်းကို ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည် ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကို သြဂုတ်လ (၆)ရက်​နေ့မှ သြဂုတ် (၂၉)ရက်​နေ့အထိ  စရိတ်​ငြိမ်း​ဖွင့်လှစ်​ပေးခြင်းဖြစ်ကြောင်း၊​ သင်တန်းဆင်းပွဲအ​ပြီးတွင် တာဝန်ရှိသူများနှင့် သင်တန်းသားများ စု​ပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့​ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)