မိုးမိတ် ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာအသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အေးလှိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဉာဏ်လင်းမြင့်က ဥပဒေဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချောစုဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ Gander/CEDAW / NSPAW / UNSCR များနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်မျာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)