စစ်ကိုင်းမြို့တွင် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်ပေး

 

စစ်ကိုင်း စက်တင်ဘာ ၂

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတိုးဝေက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာ၊ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာ “လယ်ယာထွတ်ကုန်သီးနှံများကို အခြေခံသော တန်ဖိုးမြှင့် ထုတ်ကုန်များ၊ သဘာဝသယံဇာတကိုအခြေခံသော လက်မှုအနုထည် ထုတ်ကုန်များကို အိမ်တွင်း အသေးစား စက်မှုလက်မှုလုပ်ငန်းများမှ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်စေရန်အတွက် သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ပြည်သူများကလည်း ယခုသင်တန်းက ပို့ချပေးလိုက်သည့် ပညာရပ်တွေကို စိတ်ဝင်စားစွာ သင်ယူသွားကြပြီး တစ်ပိုင် တစ်နိုင်မှသည် အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားကြပါလို့” ဆွေးနွေးပြောကြား ခဲ့သည်။

အဆိုပါသင်တန်းကို (၅) ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ(၂၀)ဦးတက်ရောက်ကြကာ သင်တန်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ/ ဆရာမများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်