တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊‌ တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်း၊ အဖွဲ့ဝင်(၃) ဦးကျော်ထူး၊ အတွင်းရေးမှူး ရဲမှူးအောင်မိုးခိုင်တို့က ရပ်ကွက်များတွင် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံနိုင်ရေး စာရင်းပြုစုထားရန် ၊ ဆောင်း‌နေကြာစိုက်ပျိုးနိုင်‌ရေး ဆောင်ရွက်ရန်၊‌ တောင်တွင်းကြီးမြို့နယ်အတွင်း မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ရပ်ကွက်/ကျေးရွာများတွင် သက်ဆိုင်ရာစာရေးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ အားလုံးမှ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသော  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)