ဒေါပုံမြို့နယ်တွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရန်ကုန်     စက်တင်ဘာ   

မိခင်နှင့် ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် နာရီအချိန် က စတင်ကာ မွေးကင်းစမှအသက်တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ က ကလေးငယ်များအား ကိုယ်အလေးချိန်(ပေါင်) ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မွေးစမှ အသက်() လ၊ () လ၊ () လ၊ () လနှင့် တစ်နှစ်ခွဲအရွယ်ကလေးငယ်များကို ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမှေးရောင်ရောဂါ စသည့် ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးများအား ကလေးများ၏ အရွယ်အလိုက် သတ်မှတ်အကြိမ်များ ထိုးနှံပေးခြင်းနှင့် ပိုလီယိုကာကွယ်ဆေးများလည်း အစက်ချတိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် မေးခိုင် ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။ အဆိုပါ ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်အတူ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)