ညောင်တုန်း စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပေါ်နွေးဖိုင်တို့က Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် သမိုင်းကြောင်းများ၊ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ လိုက်နာရမည့်ထာဝန်များ၊ သဘောတူစာချုပ်ပါ အခြေခံမူ(၄)ရပ်၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များ လိုက်နာရမည့်အချက်များ၊ မြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)