သံဖြူဇရပ် စက်တင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တုတ်ပြန်ရေဆိုင်ရာ (Table-Top Exercise) ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီခွဲအချိန်က ကျိုက္ခမီမြို့ အ.လ.က-ခွဲ (ဆင်ပုန်း) ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျိုက္ခမီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဝင်းက ဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကျော်ထွေးက သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် ရေဘး၊ မီဘေး၊ လေဘေးကျရောက်လာပါက ကြိုတင် ပြင်ဆင်ထားရမည့်အချက်များ၊ ကြိုတင်စုဆောင်းထားရမည့် ဆေးဝါးနှင့် အရေးကြီးပစ္စည်းများ၊ သဘာဝဘေးဖြစ်ပေါ်နေချိန်တွင် အန္တရာယ်လွတ်ကင်းစေရန် ခိုလုံရမည့်နေရာများ၊ ပူးပေါင်းချိတ်ဆက်ရမည့် အဖွဲ့အစည်းများ၏ လိပ်စာများနှင့် ဖုန်းနံပါတ်များ စသည်တို့အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြ သည့် ကျိုက္ခမီမြို့မရဲစခန်းမှ ရဲအုပ်သက်ဝေ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန့်ဇင်ထွန်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကဏ္ဍအလိုက် တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှလည်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်လုပ်ဆောင်ထားရမည့် အကြောင်းအရာများကို အားလုံးမှပူးပေါင်း ဆောင်ရွက်ကြစေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)