ကျောင်းကုန်း စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်း ကျေးရွာရှိ စနစ်တကျဖော်ထုတ်ထားသော လယ်မြေဧက(၁၀၀)၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက စံပြလယ်ဧက (၁၀၀)တွင် တစ်ဧကတင်း (၁၀၀)ထွက်ရှိရေး ကြိုးစားကြစေလိုကြောင်း၊ ဆန်နှင့်ဆီသည် နေ့စဉ်စားသုံးနေ ရကြောင်း၊ နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးကြစေလိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဌေးက ၂၀၂၂ ခုနှစ် မိုးစပါးရာသီတစ်ဧက တင်း(၁၀၀)နှုန်းထွက်ရှိစေရေးဧက (၁၀၀)စံ ပြကွက်ရှိ တောင်သူများ အား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မိုးစပါးစိုက်ပျိုးသော တောင်သူများအား တာဝန်ရှိသူများက ယူရီးယားဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လွင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးမှူး ဦးကျော်နိုင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ စံပြလယ်ဧက (၁၀၀)တောင်သူများ တက်ရောက်ခဲ့ကြပြီး မိုးစပါး စိုက်ပျိုးသော ကောက်ကြီးကုန်းကျေးရွာ၊ မင်းမနိုင်ကျေးရွာ၊ အုန်းတောကျေးရွာနှင့် ကုလားစုကျေးရွာတို့မှ တောင်သူ(၁၃)ဦး၏ စိုက်ဧက(၁၀၀)အတွက် ယူရီယားဓာတ်မြေ ဩဇာအိတ်(၁၀၀)အား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)