မဟာအောင်မြေမြို့နယ်အတွင်း နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မဟာအောင်မြေ စက်တင်ဘာ ၂

မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး (၅) ကြောင်းပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ပေါင်းလဲကျောင်းတိုက် ရွှေသာလျောင်းဓမ္မဗိမ္မာန်၌ ယနေ့နံနက်ပိုင်းက နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ဗိုလ်မှူးဆွေလွင်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှူး ဦးမောင်မောင်ကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ချောချောနိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးနေလင်းအောင်၊ ဒု-မြို့နယ်ပညာရေးမှူး ဦးလွမ်းဇေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒု-ဦးစီးမှူး ဦးအောင်ကိုဝင်း၊ မြို့နယ် စီမံကိန်းဦးစီးမှူး ဦးဇော်ဇော်ထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဒု-အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမင်းအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖ၊ ရာအိမ်မှူးများ စုစုပေါင်းအင်အား (၇၀) ဦးခန့် တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ  ရပ်ကွက်အတွင်းတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များ၊ လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေး ဆောင်ရွက်နေမှုအခြေအနေများအား ချပြရှင်းလင်းခြင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်-၁မှ အကြမ်းဖက်အဖွဲ့အစည်းများကြောင့် ပြည်သူများ၊ ဝန်ထမ်းများ သေဆုံး/ဒဏ်ရာရခဲ့မှုများ၊ နိုင်ငံတော်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရပ်ကွက်အတွင်း ပြည်သူများအေးချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ နယ်စပ်ရောက်နေသူများနေဖြင့် မိမိရပ်ကွက်အတွင်း ပြန်လည်ဝင်ရောက် လိုပါက ကြိုဆိုလက်ခံဆောင်ရွက်လျက်ရှိကြောင်း ချပြရှင်းလင်းခြင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ မှတ်ပုံတင် ဆောင်ရွက်ပေးနေမှုများ၊ လူတိုင်းမှတ်ပုံတင်ကိုင်ဆောင်နိုင်ရေး ချပြရှင်းလင်းခြင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ နိုင်ရေး၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ရေး၊ (၁) နှစ်အောက် ကလေးတိုးချဲ့ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းဆောင်ရွက်နေသည့် ကိစ္စရပ်များအား ရှင်းလင်းခြင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ ပြည်သူများအနေဖြင့် နိုင်ငံတော်သို့ ပေးဆောင်ရသည့် လျှပ်စစ်မီတာခများအား ပေးဆောင်ရန်လိုကြောင်း ချပြရှင်းလင်းခဲ့ရာ တက်ရောက်လာသည့် ပြည်သူများမှ ၃၈×၃၉လမ်းကြား၊ ၈၃×၈၄ လမ်းကြားရှိ မီးကြိုးနှင့် မလွတ်သည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းပေးရေးကိစ္စ၊ မှတ်ပုံတင်ရရှိနိုင်ရေးကိစ္စများ တင်ပြခဲ့မှုအပေါ် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း