နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း အာယုဒါန (အခမဲ့) ဆေးပေးခန်း အတွက် ဝှီးချဲတစ်စီး၊ ချွဲစုပ်စက်တစ်ခု၊ အောက်စီမီတာတစ်ခုနှင့် ကျန်းမာရေး အထောက်အကူ ပစ္စည်းများလှူဒါန်း

နောင်ချို စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်း အာယုဒါန (အခမဲ့) ဆေးပေးခန်းအတွက် ဝှီးချဲတစ်စီး၊ ချွဲစုပ်စက်တစ်ခု၊ အောက်စီမီတာတစ်ခုနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် နောင်ချိုမြို့နယ် ဘူတာရပ်ကွက်မှကွယ်လွန်သူ ဒေါ်စန္ဒာဆွေအားရည်စူး၍ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးမောင်မောင်ဦး မိသားစုမှ အာယုဒါန (အခမဲ့) ဆေးပေးခန်းအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

သဖန်းကိုင်းပရဟိတ ဆရာတော်၏ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားသော အာယုဒါန(အခမဲ့) ဆေးခန်း၌ လူမျိုးဘာသာမရွေးလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။

ထွေးငယ်