မကွေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံ ဂစ်တာတီး၊ တယောထိုး၊ ကီးဘုတ်တီးနည်း သင်တန်းဖွင့်လှစ်

မကွေး စက်တင်ဘာ ၃

လူငယ်လူရွယ်များ အားလိပ်ချိန်အား အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ အခြေခံဂစ်တာတီး၊ တယောထိုး၊ ကီးဘုတ် တီးနည်း သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က အဖွင့် အမှာစကား ပြောကြားရာတွင် မိမိတို့ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများသည့် စာကြည့်တိုက်လုပ်ငန်းများ၊ ပြည်သူများ သတင်းမှန်များ သိရှိနိုင်ရေးအတွက် သတင်း ထုတ်ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် လူထုအခြေပြု ဗဟိုဌာနများ ဖွင့်လှစ်ကာ ပြည်သူ့များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုဖွင့်လှစ်သည့် သင်တန်းတွင်လည်း သင်တန်း သား/သူများအနေဖြင့် စိတ်ဝင်တစား ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဂီတအစည်းအရုံးအဖွဲ့ဝင် ဦးတင့်လွင်က သင်တန်းတွင် သင်ကြားပေးမည့် တူရိယာအမျိုးအစားများနှင့် သင်ခန်းစာများအကြောင်းအရာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံ ဂစ်တာတီး၊ တယောထိုး၊ ကီးဘုတ်တီးနည်းသင်တန်းကို အပတ်စဉ် စနေ၊တနင်္ဂနွေနေ့များတွင် နေ့စဉ်နံနက်(၉)နာရီမှ (၁၁)နာရီအထိ မကွေးခရိုင် ပြန်ကြားရေး  နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက် လိုသူများအနေဖြင့့် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လာရောက်စာရင်းပေးသင်ကြားနိုင် ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)