ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးအတွင်း အသစ်ဖွင့်လှစ်သည့် ခရိုင်ဥပဒေရုံး (၁၄)ရုံးမှ ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်သည် တိုင်းဒေသကြီးအတွင်း အသစ်ဖွင့်လှစ်သည့် ခရိုင် ဥပဒေရုံး(၁၄)ရုံးမှ ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယ ခရိုင်ဥပဒေ အရာရှိများနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်း အချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။