မတ္တရာ စက်တင်ဘာ ၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဇေယျာသန မစိုးရိမ် ကျောင်းတိုက်တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ စားသုံးဆီရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာ၊ ဆီလုပ်ငန်းရှင် ဦးစိန်လှမိုးတို့မှာကြီးကြပ်၍ တစ်ပိဿာလျှင်(၅၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ၅၀ကျပ်သားစီ စုစုပေါင်း (၃၀၀)ဦးအား ရောင်းချပေးခဲ့ ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အခြေခံလူတန်းစားများအတွက် စားသုံးဆီများကို ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)