ဆွမ်ပရာဘွမ်မြို့တွင် နှစ်ခြင်းအသင်းတော်ရုံးနှင့်ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေး ဂေဟာဝင်း၌ သန့်ရှင်းသာယာလှပစေရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဆွမ်ပရာဘွမ်  စက်တင်ဘာ ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နှစ်ခြင်း အသင်းတော်ရုံးနှင့် ကလေးသူငယ်ဘက်စုံ ဖွံ့ဖြိုးရေးဂေဟာဝင်း၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်သည်။

အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုလုပ်ငန်းကို ဆွမ်ပရာဘွမ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များက ဦးဆောင်လျက် သန့်ရှင်းသပ်ရပ်သာယာလှပစေရန် ရည်ရွယ်ကာ နှစ်ခြင်းအသင်းတော်ရုံးနှင့် ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး ဂေဟာဝင်းများ အတွင်းအပြင်များ၌ အမှိုက်ကောက်သိမ်းရှင်းလင်းခြင်း၊ မြက်ပင်များ၊ ချုံနွယ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေ ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးတပ်ဖွဲ့ဝင်များ၊ နှစ်ခြင်းအသင်းသူအသင်းသားများ စုစုပေါင်း ၄၈ ဦးခန့် ပါဝင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)