စလင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းနှင့်  Cash For Work စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ

စလင်း စက်တင်ဘာ  ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီ ၃၀ အချိန်က ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင် တက်ရောက်၍ အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးစိုးခိုင်က ကျေးရွာဖွံဖြိုးတိုးတက်ရေးစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်မှုများနှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်းများ၏ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲပြုလုပ်ခဲ့ရာ ကျေးရွာဖွံဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းများဆောင်ရွက်ရန် ကျေးရွာ (၁၄) ရွာ၊ Cash For Work စီမံကိန်းဆောင်ရွက်ရန် ကျေးရွာ (၁) ရွာနှင့် စုစုပေါင်းကျေးရွာ (၁၅) ရွာတို့အား တစ်ရွာလျှင်ကျပ်သိန်း (၁၀၀)စီအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးခိုင်တို့မှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) နှင့် Cash For Work စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)