ငပုတောမြို့၌အိမ်ထောင်စု လူဦးရေစာရင်းမှတ်ပုံတင်ခြင်း စနစ်(ပုံစံ-၆၆/၆)များe-ID ဆော့ဖ်ဝဲ ရိုက်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လာရောက်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး ကျော်သူနှင့် အဖွဲ့ဝင်(၃)၊ ဦးမောင်မောင်လွင်တို့ လိုက်ပါ၍ ယမန်နေ့ နံနက် (၁၁ )နာရီအချိန်က ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS)ရုံး၊ မြို့နယ်ကော်မရှင်ရုံးနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြိုနယ် ဦးစီးမှူးရုံးတို့တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် ဆော့ဖ်ဝဲရိုက် သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။