ကမမောင်း စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အုန်းတောဘုန်းကြီးကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ပွဲရှောင် မိသားစုများအတွက် ဆပ်ပြာ၊ Hand sanitizer များထောက်ပံ့ပေးမှုကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့၊ အုန်းတောဘုန်းကြီးကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ကမမောင်းမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းကျော်သူက ကြီးကြပ်၍ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းထွန်း နှင့် တာဝန်ရှိသူများက ကမမောင်းမြို့ရှိ စစ်ဘေးရှောင်အိမ်ထောင်စု (၆၆၈)စု၊ လူဦးရေ(၂၉၄၇)ဦးအတွက် လူတစ်ဦးလျှင် ဆပ်ပြာ(၁)တောင့်၊ စုစုပေါင်းဆပ်ပြာ(၂၉၄၇)တောင့်၊ အိမ်ထောင်စုတစ်စုလျှင် Han sanitizer(၁)ဘူးနှုန်းဖြင့် စုစုပေါင်း Hand sanitizer (၆၆၈)ဘူးကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
"ကျွန်တော်တို့ စစ်ဘေးရှောင်တွေကို ဒီလိုမျိုးထောက်ပံ့မှူတွေပေးတာတွေ၊ ကျောင်းနေ အရွယ်ကလေးတွေအတွက် ထောက်ပံ့မှုတွေပေးတာတွေအတွက် အတိုင်းမသိဝမ်းသာမိ ပါတယ်။ ကျွန်တော်တို့ခက်ခဲနေတဲ့အချိန်မှာ ဒီလိုဆပ်ပြာ၊ Hand sanitizer တွေပေးတာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကမမောင်းမြို့မှ တာဝန်ရှိသူများကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ်" ဟု စစ်ဘေးရှောင်သူတစ်ဦးက ပြောသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)