မိုးမိတ်မြို့တွင် Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းများ ဆောင်ရွက်

မိုးမိတ် စက်တင်ဘာ ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းများကို ယနေ့နံနက် ၇ နာရီအချိန်က ကုန်စိမ်းနှင့် သားငါးယာယီဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော် ဦးဆောင်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုများအား လျော့ကျစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန်၊ နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြပါရန် မြန်မာ၊ ရှမ်း ဘာသာစကား နှစ်မျိုးဖြင့် နှိုးဆော်ခြင်း၊ Mask များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ Mask Campaign ပြုလုပ်ခြင်းကို မိုးမိတ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကုန်စိမ်းနှင့်သားငါးယာယီဈေး၊ မြို့နယ်ပြည်သူ့ဆေးရုံရှေ့များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)