ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မျိုးကောင်းမျိုးသန့်တိရစ္ဆာန် ဒေသနွား (ပြာစိမ်း) (၁၁)ကောင်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဟိုပုံး   စက်တင်ဘာ  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်ဖြန့်ဖြူးသည့် ဒေသနွား (ပြာစိမ်း) (၁၁)ကောင်အားမွေးမြူရေးစနစ်ဖြင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တန်းကျေးရွာအုပ်စု၊  ကျောက်တန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ရှမ်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်မှ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်ဖြန့်ဖြူးပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက မွေးမြူရေးဘဏ်စနစ်နှင့် ဒေသနွား (၁၁)ကောင်ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များကို  ရှင်းလင်းပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဒေသနွား(၁၁)ကောင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ကျောက်တန်းကျေးရွာကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ‌မွေးမြူးရေးတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊  ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်း၊  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကဒေသနွား(ပြာစိမ်း) (၁၁)ကောင် တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)