အိမ်မဲမြို့နယ်တွင် အနှေးယာဉ်ဆိုက်ကားများ အရှေ့အနောက်ရောင်ပြန်စတေကာများ ကပ်ထားမှု ရှိ/မရှိ စစ်ဆေး

အိမ်မဲ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ အနှေးယာဉ်ဆိုက်ကားများ၏ အရှေ့၊ အနောက်တို့တွင် ရောင်ပြန်စတေကာများကပ်ထားမှုရှိ/မရှိ ကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် ၉ နာရီတွင် စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမျိုးဇော်နှင့် ဝန်ထမ်းများက ပြည်သူများယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်စေရေးအတွက် အနှေးယာဉ် ဆိုက်ကားဂိတ်(၃)ဂိတ်မှ အစီးရေ(၅၀)အား စစ်ဆေးခဲ့ပြီး ကျန်ရှိသော အနှေးယာဉ် ဂိတ်များတွင်လည်း ကျန်ရက်များတွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)