ငပု​တောမြို့၌အိမ်ထောင်စု လူဦးရေစာရင်းမှတ်ပုံတင်ခြင်း စနစ်(ပုံစံ-၆၆/၆)များe-ID ဆော့ဖ်ဝဲ ရိုက်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လာ​ရောက်ကြည့်ရှုစစ်​ဆေး

ငပုတော စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ ကျော်သူနှင့် အဖွဲ့ဝင်(၃)၊ ဦးမောင်မောင်လွင်တို့ လိုက်ပါ၍ ယမန်နေ့ နံနက် (၁၁ )နာရီအချိန်က ငပု​တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS)ရုံး၊ မြို့နယ်ကော်မရှင်ရုံးနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြိုနယ် ဦးစီးမှူးရုံးတို့တွင် အိမ်ထောင်စုလူဦး‌ရေစာရင်း (ပုံစံ-၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် ဆော့ဖ်ဝဲရိုက် သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့​နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ကျော်သူက မြို့နယ်ကော်မရှင်ရုံးတွင် ကော်မရှင်ဝန်ထမ်းများမှ မဲဆန္ဒရှင်ပြည်သူများ၏အချက်အလက်များ ပြည်စုံမှန်ကန်စေရေး မြေပြင်အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား လိုက်လံကြည့်ရူစစ်ဆေး၍ သတ်မှတ်ကာလအတွင်း ပြည်စုံမှန်ကန်စွာ ပြီးစီးရေမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်(ငပု​တော)