ဒေးဒရဲ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပြေးဆွဲလျက်ရှိသော အနှေးယာဉ်များတွင် ရှေ့၊ နောက် ရောင်ပြန်ပြားများ တပ်ဆင်ထားရှိရန် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းနှင့် ဝန်ထမ်းများက မြို့ပေါ်၊ ရပ်ကွက်များတွင် ပြေးဆွဲလုပ်ကိုင်လျက်ရှိသော အနှေးယာဉ်များတွင် ရှေ့၊ နောက် ရောင်ပြန်ပြားများ တပ်ဆင်ထားရှိရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း