လောက်ကိုင် စက်တင်ဘာ ၃
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်မြင့်မားစေရေးအတွက် လောက် ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)ကို ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးမှ ရပ်ကွက်/ကျေးရွာများအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ထမ်းများအနေဖြင့် သိရှိလိုက်နာ ဆောင်ရွက်ရမည့်ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် အကျယ်တဝင့် ရှင်းလင်းပို့ချပေးခဲ့ပြီး ဌာနဆိုင်ရာ သင်တန်းနည်းပြများမှလည်း သက်ဆိုင်သည့် ဌာနဆိုင်ရာ ဘာသာရပ် အသီးသီးကို ပို့ချပေးခဲ့ကြသည်။
ယင်းသင်တန်းသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကိုးကန့်အထောက်အကူပြုစာရေးများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်စုစာရေးများတက်ရောက်ခဲ့ကြောင်း၊ သင်တန်းကာလမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၆)လတာ ကာလအတွင်း (၃၀-၈-၂၀၂၂ ရက်နေ့မှ ၁-၉-၂၀၂၂ ရက်နေ့ထိ) (၃) ရက် တိတိ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်းနှင့် ၎င်းသင်တန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
စန္ဒာ(ပြန်/ဆက်)