ရွှေပြည်သာမြို့နယ်၌ (Mask Campaign) ပြုလုပ်

ရွှေပြည်သာ စက်တင်ဘာ ၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများနေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Campaign) ကို ယနေနံနက် (၈) နာရီအချိန်တွင် လူစည်ကားရာနေရာများနှင့် အမှတ်(၂၀)ရပ်ကွက် သံဒင်းဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများ အပြင်သွားလာတိုင်း မဖြစ်မနေ (Mask) တပ်ဆင်ပြီးမှသာ သွားလာရေးအသိပညာပေး ဆောင်ရွက်ခဲ့ပြီး (Mask) မပါရှိသူများအား (Mask) အခုရေ (၅၀၀) အား ပြည်သူများထံ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (Mask Campaign) ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း