ကလော စက်တင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ ပုန်းအင်းကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျေးရွာခန်းမ၌ စပါးနှင့်နေကြာသီးနှံများအတွက် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇင်မောင်မောင်က မြေဩဇာများ ထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်များအကြောင်း ပြောကြားခဲ့ပြီး ဝါးရုံပင်ကျေးရွာအုပ်စု၊ ပုန်းအင်းကျေးရွာရှိ တောင်သူ(၂၀)ဦးအတွက် စပါးနှင့်နေကြာသီးနှံများ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အထောက်အကူပြုနိုင်စေရေးအတွက် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)