တွံတေး စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မင်းပိုင်းရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်ရှေ့ မီးပွိုင့်လမ်းဆုံတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တွံတေးမြို့နယ် ရဲတပ်ဖွဲ့ တို့မှဦးဆောင်၍ (၅၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲအုပ်ဇော်မင်းဦး ဦးဆောင်သော ယာဉ်ထိန်း တပ်ဖွဲ့ဝင်နှင့် ပူးပေါင်းအဖွဲ့တို့မှ ယနေ့ နံနက် ၈ နာရီ အချိန်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့မှ သွားလာနေသော မော်တော်ယာဉ်များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ထွန်းထွန်းအောင်၊ အမှတ်(၅၇) ယာဉ်ထိန်းရဲတပ်စုမှူး ရဲအုပ် ဇင်မင်းဦး ဦးဆောင်သော ယာဉ်ထိန်း တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဖြစ်သော မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အညီ လိုက်နာမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ မော်တော်ယာဉ်များ၊ သုံးဘီးယာဉ်များအား ယာဉ်မောင်းလိုင်စင် ရှိ၊ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးသား