ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူး​ပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် စံပယ်ခြုံကျေးရွာမှ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ

ကံမ စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက စပယ်ခြုံကျေးရွာအုပ်စုသို့  ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြသည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးမည့် အခြေအနေများ၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးနှင့် မိမိတို့ရပ်ရွာ လုံခြုံရေး အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်ဆွေးနွေးခဲ့သည်။ ဆက်လက်၍   မြို့နယ်စီမံအုပ်​ချုပ်​​​​‌ရေးအဖွဲ့  အတွင်း​ရေးမှုးက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ​ပေး ​​ဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများအား အသီးသီး ရှင်းလင်းဆွေး‌နွေးခဲ့ကြသည်။​ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆/၆၆) ပျောက်ဆုံး ပျက်စီးသူများအတွက် ပုံစံအသစ်ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ပြန်/ ဆက်)