အမ်း စစ်တင်ဘာ ၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၈) နာရီချိန်တွင် အမ်းမြို့နယ်၊ စျေးတောင်ရပ်ကွက် အေးရိပ်သာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် အမ်းမြို့နယ်သစ်တောဦးစီးဌာနတို့ မှကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရေး၊ ရာသီဥတုအပူဒဏ် ကာကွယ်နိုင်စေရေး၊ ပြည်သူများ သစ်တောသစ်ပင်များကို ပိုမိုချစ်ခင် တန်ဖိုးထားတတ်လာစေရေး ရည်ရွယ်၍ သက်တမ်းရင့်အမြင့် (၂) ပေအထက် သစ်ပိတောက် (၁၀၀)ပင်၊ ပျဉ်းကတိုး(၂၅၀) ပင်၊ ကျွန်း(၅၀)ပင်၊ ခရေ (၅၀) ပင်၊ မန်ဂျန်ရှား(၅၀) ပင်၊ စုစုပေါင်း (၅၀၀) ပင်တို့ကို တက်ရောက်လာကြသော ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဒေသခံပြည်သူများနှင့်ကျောင်း သားကျောင်းသူများ စုစုပေါင်း အင်အား (၃၀၀) ဦးတို့ဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း (ပြန်/ဆက်)