စဉ့်ကိုင် စက်တင်ဘာ ၄
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်)တွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ စုစုပေါင်း(၂၈)ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူးရုံးမှတာ၀န်ရှိသူများက အနီးကပ်ကြီးကြပ်၍ ပြိုင်ပွဲကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းနှင်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲသို့ ကျင်းပရေးကော်မတီ၀င်များ၊ ဆရာ/ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် တာ၀န်ရှိသူများက တက်ရောက်အားပေးခဲ့ပြီးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့မှ ပထမ၊ ဒုတိယ၊ တတိယဆုများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း မြို့နယ်လက်ထောက်ပညာရေးမှူး ဦးစိုးပိုင်ထံက သိရသည်။
ဝင်းဝင်းသန်း (ပြန်/ဆက်)