မက်မန်း စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် Cast For Work စီမံကိန်းဖြင့် အေးကျန့်ကျေးရွာအုပ်စု၊ မွန်နိုးကျေးရွာ၌ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိသော ကွန်ကရစ်လမ်း ခင်းကျင်းခြင်းလုပ်ငန်းအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက အေးကျန့် ကျေးရွာအုပ်စု၊ မွန်နိုးကျေးရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိသော (၅၀၀’x ၁၂x ၆)ထုရှိ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို အရည်အသွေး ပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်က သိရှိလိုသည်များ လိုက်လံရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျေးရွာစီမံကိန်း တာဝန်ခံနှင့်တွေ့ဆုံကာ လုပ်ငန်းကို အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆွေးနွေးပြောကြားခဲ့ပြီးနှင့် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)