သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီ က ကန်တော်မင်္ဂလာရပ်ကွက် တည်သီးပင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်များ ဆက်လက်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်များ ဆက်လက် ရောင်းချပေးနေလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီများ ဆက်လက်ရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ဆီများ ဆက်လက်ရောင်းချပေးနေလျက်ရှိရာ ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်းလမ်း၊ ဓမ္မဗိမာန်ကျောင်းတိုက်၊ ကညင်ချောင်း ဆွမ်းလောင်းဓမ္မာရုံ၌ ရောင်းချပေးနေလျက်ရှိသည်။

စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့၌ စားသုံးရန်မသင့်သည့် အစားအသောက်အမှတ်တံဆိပ်ပါ(၆)မျိုး ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့ရှိ ဒေသခံပြည်သူများ စားသုံးကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော အမှတ်တံဆိပ် (၆) မျိုးအား ရောင်းချမှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များက စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းများ အရောင်းဆိုင်များကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

လှည်းကူးမြို့နယ်၌ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉)နာရီ က နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာတတ်မြောက်ရေးနေ့ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း (၅)ကြောင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ပေး လျက်ရှိသည်။

မိုးညိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်တို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ် ဆင်ဖြူကန်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှုနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဦးစီးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ယစ်မျိုးလိုင်စင် အမည်ပြောင်းလျှောက်ထားမှုအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ယစ်မျိုးလိုင်စင် နာမည်ပြောင်းလျှောက်ထားမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ငါ့သရောက်မြို့ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးဦးစီးပြီး ကလေးများကို စာရေးဆရာ ဖြိုးသာရရေးသားသော"ကလေးများအတွက် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
Subscribe to