သာပေါင်းမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီများ ဆက်လက်ရောင်းချပေးလျက်ရှိ

သာပေါင်း စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ဆီများ ဆက်လက်ရောင်းချပေးနေလျက်ရှိရာ ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်းလမ်း၊ ဓမ္မဗိမာန်ကျောင်းတိုက်၊ ကညင်ချောင်း ဆွမ်းလောင်းဓမ္မာရုံ၌ ရောင်းချပေးနေလျက်ရှိသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်း၊ မြို့မရဲစခန်းမှူးဒုတိယရဲမှူးဝင်းနိုင်ဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦး အောင်ကိုကိုဆန်းနှင့် မီးတပ်ဖွဲ့ဝင်တို့မှ ပြည်သူများအား ဆင်းသုခဆန် တစ်ပြည်လျှင်(၁၅၀၀)ကျပ်နှုန်း၊ ဆီ(၅၀)သား တစ်ဘူး(၃၀၀၀) ကျပ်နှုန်း ထားဖြင့် သက်သာချောင်ချိရေး ဆက်လက်ရောင်းချပေးလျက်ရှိကြရာ ပြင်ပဈေးထက် သက်သာစွာ ဝယ်ယူရရှိသဖြင့်အိမ်ထောင်စု(၂၂၀)ရှိ ပြည်သူများလာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်