ပေါက်ခေါင်းမြို့နယ် ဆင်ဖြူကန်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှုနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း    စက်တင်ဘာ   ၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို  ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဦးစီးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် ဆင်ဖြူကန်ကျေးရွာရှိ အရှည် ၀/၅.၅၆၇ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၅၀ ဒသမ ၆၇၃ သန်းအသုံးပြု၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဗောဓိကုန်းကျေးရွာတွင် အရှည် ၁/၁.၅၄၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၇၇ ဒသမ ၄၂၅ သန်းဖြင့် လုပ်ငန်းဆောင်ရွက်နေဆဲ အခြေအနေများနှင့် ကျေးလက်သောက်သုံးရေရရှိရေးအတွက် ဒိုးနွယ်ကျေးရွာ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ဖိုးကျော့ကွင်းကျေးရွာနှင့် ဇီးအုပ်ကျေးရွာတို့တွင် လက်တူးတွင်းတူးဖော်ခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို လည်းကောင်း၊ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများမှ လိုအပ်သည့်လုပ်ငန်းလမ်းညွှန်မှုများနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့ကို ကွင်းဆင်းစစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)