ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်း က လူစည်ကားရာ ရန်ကုန်-ပြည် ကားလမ်းမီးပွိုင့်လမ်းဆုံ၌ ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြသည်။