ငပုတောမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်များ ဆက်လက်ရောင်းချပေး

ငပုတော စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်များ ဆက်လက် ရောင်းချပေးနေလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သူနှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ပြည်သူများအား သီးထပ်ရင် ဆန်တစ်ပြည်လျှင်(၁၅၀၀)ကျပ် နှုန်းဖြင့် သက်သာချောင်ချိရေး ဆက်လက်ရောင်းချပေးလျက်ရှိကြရာ ပြင်ပဈေးထက် သက်သာစွာ ဝယ်ယူရရှိ သဖြင့် ပြည်သူများ လာရောက်ဝယ်ယူကြ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)