နတ်မောက် စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ယစ်မျိုးလိုင်စင် နာမည်ပြောင်းလျှောက်ထားမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်တွင် အမည်၊ တည်နေရာ၊ လိပ်စာလိုင်စင်အမျိုးအစား ပြောင်း လျှောက်ထားလာသူများအား သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်မှု ရှိ/မရှိ မြို့နယ်ယစ်မျိုးအကြံပေးအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း