မရမ်းကုန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲပိုင်း က မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံ၊ ကံကော်လမ်းရှိ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အုပ်ချုပ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးစစ်ကြောင်းတို့မှ ဦးစီး၍ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပ

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အခြေခံကျသောအချက်မှာ နိုင်ငံသားအားလုံး စာတတ်မြောက်ရေးပင်ဖြစ်သည်နှင့်အညီ စက်တင်ဘာလ ၈ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ မြို့နယ်ရုံးဝန်ထမ်းများနှင့် စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် ၉:၀၀ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

သိန္နီမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရေးအတွက် အသိပညာပေးဟောပြောပွဲကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့ကြောင်း

မိုင်းဆတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် နံရံကပ်ဘုတ်ချိတ်ဆွဲခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန် နံရံကပ်ဘုတ်ချိတ်ဆွဲခြင်းကို ယနေ့နံနက်(၉)နာရီခွဲက ဝိန်းနေရပ်ကွက်နှင့် ဝိန်းဝိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမ်းမတော်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချီရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့နံနက် ၉နာရီအချိန်ခန့် က လမ်းမတော်မြို့နယ် မော်တင်ယာယီစျေးရပ်ကွက်ရှိ ပြည်သူများထံသို အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈ ရက်၊ ယနေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ

လယ်ဝေးမြို့နယ်တွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) တွင် ယနေ့နံနက်(၁၀)နာရီက လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

မင်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကာကွယ်ရေး အသိပညာပေး နှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ကိုဗစ်- ၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၄ နှင့် ဘီအေ-၅ ကာကွယ်ရေးအသိပညာပေး နှိုးဆော်ပေးခြင်းကို ယမန်နေ့ညနေ ၄ နာရီချိန်က လူအသွားလာများသောနေရာများနှင့် ရပ်ကွက်လမ်းများအတွင်း အသံချဲ့စက်ဖြင့် လည့်လှည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆွေးနွေးဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာ​နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်(၉)နာရီခန့်က မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ ဘုရားကျောင်းဓမ္မာရုံ၌ ကွင်းဆင်း၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့မဈေး၌ ယမန်နေ့မွန်းလွဲပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to