လှည်းကူး စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉)နာရီ က နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာတတ်မြောက်ရေးနေ့ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့ က Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ စာတတ်မြောက်ရေးနှင့် ပက်သက်ပြီး ဆောင်ရွက်ချက်များ၊ စာတတ်မြောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကို ဗဟုသုတရရှိစေရန်အတွက် ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင်က မေးမြန်းခဲ့ရာ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့ က မြန်မာနိုင်ငံတွင်စာတတ်မြောက်ရေး လှုပ်ရှားမှုများကို ခေတ်အဆက်ဆက်ပြုလုပ်ခဲ့ပုံများ၊ စာတတ်မြောက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်သော အကျိုးကျေးဇူးများကြောင့် နိုင်ငံဖွံဖြိုးရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်း၊ စာပေသည် အမှား၊အမှန်ခွဲခြားနိုင်ပြီး ဆင်ခြင်တုံတရားများ၊ အသိပညာများရှိလာစေမည်ဖြစ်ပြီး စာဖတ်ခြင်း၊ ဗဟုသုတ ရှာမှီးခြင်းတို့ကို အစဉ်အမြဲ လေ့လာဆည်းပူးနေကြရမည် ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
အေးအေးနွဲ့(ပြန်/ဆက်)