မိုးညိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်

မိုးညို   စက်တင်ဘာ   ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်တို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် (Book Club) အဖွဲ့ဝင် ဦးမြင့်စိန်က လူငယ်နှင့်စူးစမ်းလေ့လာမှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book  Club) အဖွဲ့ဝင် ဦးစံလင်းက ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်း က လူမျိုးမြင့်ဖို့စာဖတ်စို့ ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသောအဖွဲ့များနှင့် ဝန်ထမ်းများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ မိုးညိုမြို့နယ်အနေဖြင့် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)