သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

သဲကုန်း  စက်တင်ဘာ  ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီ က ကန်တော်မင်္ဂလာရပ်ကွက် တည်သီးပင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူး ဇင်ဟိန်းထွဋ်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ လိုက်ပါလျက် ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများက ကျန်းမာရေးပဏာမ စောင့်ရှောက်မှုအဖြစ် စမ်းသပ်ဆေးကုသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝပေါင်းသတ်ဆေးပြုလုပ်နည်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ဆပ်ပြာအဆီ ပြုလုပ်နည်းကို လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)