ငါ့သရောက်မြို့ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ငါ့သရောက်မြို့  စက်တင်ဘာ  ၈


မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးဦးစီးပြီး ကလေးများကို စာရေးဆရာ ဖြိုးသာရရေးသားသော"ကလေးများအတွက် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဒေါ်အေးအေးမိုးမှ ရပ်ကွက်အတွင်းမှာ ကလေးများအား စာရေးဆရာ ဖြိုးသာရ ရေးသားသော"ကလေးများအတွက် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ"စာအုပ်မှ "လူမိုက်ကို မပေါင်းသင်း မဆည်းကပ်ရခြင်း" ခေါင်စဥ်ခွဲပါအကြောင်းအရာများကိုကလေများ နားလည် သဘောပေါက်အောင်ရှင်ပြပေးခဲ့ကြောင်း သိရသည်။ "လောကကြီမှာ လူမိုက်တွေအများကြီးရှိ တယ်။ လူမိုက်ဆိုတာ ဘယ်လိုလူမျိုးတွေကိုခေါ်သလဲလို့ ကလေးတို့ ပထမဆုံးသိထားရမယ်။ လူမိုက်နဲ့ လူလိမ္မာကို ကလေးတို့ခွဲခြားနိုင်ရလိမ့်မယ်။ သာမန်အားဖြင့်ဆိုရင် လူမိုက်ဆိုတာ ရိုင်စိုင်းကြမ်းကြုတ်ပြိး ဆိုးသွမ်းပေတေနေသူမျိုးပေါ့။ လူလိမ္မာကတော့ ယဥ်ကျေးသိမ်မွေ့ပြီး ရိုးသားကြိုးစားတဲ့သူပဲလေ။ဒါပေမဲ့ ကလေးတို့ရေ လူမိုက်တွေဟာ တစ်ခါတစ်လေ လူလိမ္မာလို ဟန်ဆောင်ပြီး လောကကြီးထဲနေတက်ကြတော့ ခွဲခြားဖို့ မလွယ်ကူကြဘူးကွယ်။ ဒါပေမယ့် ကလေးတို့ တိုင်းတာကြည့်နိုင်မဲ့ပေတံကို မြတ်စွာဘုရားက ပေးသနားထားပြီသားပါ။ "သီလ" ဆိုတဲ့ပေတံပေါ့ကွယ်။ ငါးပါးသီလကို မလုံခြုံသူဟာ လူမိုက်တွေပေါ့။ အဲဒီလို လူမိုက်တွေကို ကလေးတို့က မပေါင်းမိဖို့လည်း ဆင်ခြင်ရမယ်နော်။ လူမိုက်ကို ပေါင်းသင်းမိလို့ ဒုက္ခရောက်ရတဲ့ ရာဇဝင်တွေ၊ပုံပြင်တွေ အများကြီးရှိတယ်။ ကလေးတို့အနေနဲ့ မပေါင်းအပ်တဲ့ လူမိုက်တွေဆိုတာ မကောင်းမှုကို တိုက်တွန်းတက်သူ၊ ကောင်းမှုကို တားဆီးတတ်သူ၊ ဆဲရေးတိုင်းထွာတတ်သူ၊ ကျေးဇူးမသိတတ်သူ၊ လိမ်ညာတတ်သူ၊ ဆုံးမခြင်းကို မနာခံတတ်သူ၊ အတင်းပြောတတ်သူ၊ အရက်တတ်သူ၊ စာရိတ္တချို့တဲ့သူတွေပေါ့။ ဒီလိုလူတွေကို မပေါင်းသင်းမဆည်းကပ်ဘဲ ဝေးဝေး ကရှောင်ရမယ်" စသည့်အကြောင်းအရာများကို ကလေးများနားလည်သပေါက်သည် အထိရှင်းပြ ပေးခဲ့ကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)