တောင်တွင်းကြီးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

တောင်တွင်းကြီး စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊‌ တောင်တွင်းကြီးတပ်နယ်မှ  မကွေးကားလမ်းမဘေး၊ ဖောင်တော်ဦးဘုရားရှေ့တွင် ယနေ့နံနက် ၇ နာရီခွဲက အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသား၊ ငါးနှင့်ဟင်းသီးဟင်းရွက်တို့ကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြသည်။

“အခုလို ကျွန်မတို့ရပ်ကွက်အရောက် ဈေးနှုန်းသက်သာစွာ လာရောက်ရောင်းချပေးတဲ့ သက်ဆိုင်ရာတာဝန်ရှိသူ‌တွေကို ကျေးဇူးတင်ပါတယ်။  ဆန်၊ ဆီ၊ကြက်ဥ၊ အသားငါးနဲ့ ဟင်းသီးဟင်းရွက်စတဲ့စား‌ သောက်ကုန်တွေကို ပြင်ပရောင်းဈေးထက် လျှော့ပြီးရောင်းချပေးတဲ့အတွက် ကျွန်မတို့ အခြေခံလူတန်းစားတွေအတွက် အရမ်းအဆင်ပြေပါတယ်” ဟု ရွှေကြာအင်း(၂)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ထိုသို့ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) ပြည်၊ ဆီ (၁) ပိဿာ၊ ကြက်ဥ (၁၀) လုံးတို့ကို  သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)