ညောင်ဦး စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့်အမှတ်(၃)၊ အောင်ဇေယျရပ်ကွက်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး ခုရေ ၄၀၀၀ ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခြင်းအား ယနေ့နံနက် ၇ နာရီအချိန် Mask Campaign ပြုလုပ်ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါဖြန့်ဝေခဲ့မှုတွင် ညောင်ဦးခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတိုးလွင်၊ ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့်တို့ ဦးဆောင်ကာ မြို့နယ်စီပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ညောင်ဦးမြို့ မဏိစည်သူနှင့် ဘုန်းစဉ်အခွန်လွတ်ဈေးသို့လာရောက်သည့် ဈေးရောင်းဈေးဝယ်များ၊လမ်းသွားလမ်းလာများ၊ အမှတ် (၃) အောင်ဇေယျရပ်ကွက်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန် Mask Campaign ပြုလုပ်ရင်း Mask များဝေငှရာနှာခေါင်းစည်း အခုရေ ၄၀၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ