ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထို  စက်တင်ဘာ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စက်တင်ဘာ(၈) ရက်နေ့၊ နံနက် (၉)နာရီက နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးယုဝေက စာတတ်​မြောက်ရေးနေ့ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အထက(ရွှေဥသြ)မှ အထက်တန်းပြဆရာမ ဒေါ်ပပသင်းမှ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ် ထွန်းပေါ်ပေါက်လာပုံအကြောင်း၊ စာမတတ်သူနှင့်စာတတ်သူတို့ ကွာခြားပုံ၊ စာမဖတ်သူပပျောက်ရေးအတွက် အခြေခံအကျဆုံးအချက်များ စသည့်တို့ကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)