ကန့်ဘလူ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်တွင်ကျရောက်သည့် ‘‘အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” ၏ ဆောင်ပုဒ်ဖြစ်သော ‘‘လေထုသန့်ရှင်းဖို့အား လုံးပူးပေါင်းဆောင်ရွက်စို့ ” ( The Air We Share) ဆိုင်းဘုတ်အား စက်တင်ဘာ ၇ ရက်ညနေ ၄ နာရီခွဲက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်း၏အနောက်ဘက် ရွှေယက္ခကန် အရှေ့မြောက်ဘက်ထောင့်၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်စိုက်ထူခြင်းနှင့်ပတ်သက်၍ လေထုညစ်ညမ်းမှုကို ဖြေရှင်းရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်မှုကိုမြှင့်တင်ရန်၊ လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ အကျိုးသက်ရောက်မှုများနှင့် လေထုအရည်အသွေးကို တိုးတက်လာစေမည့် ဖြေရှင်းနည်းများကို ပိုမိုသိရှိနားလည်လာစေရန်အတွက် ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် အမှတ် (၇၄ /၂၁၂)အရ ၂၀၂၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ် စက်တင်ဘာ ၇ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်းနှင့် လေထုသန့်ရှင်းဖို့အတွက် လူတစ်ဦးချင်းစီကစပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စိုက်ထူခြင်းဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အောင်ဝင်းငြိမ်း (ပြန်/ဆက်)