သရက်ချောင်း စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ကစာအုပ်/စာစောင်ပြပွဲဆောင်ရွက်ပြီးစာအုပ်များ စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက ကျောင်းသား/သူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား/အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာကြည့် တိုက်သို့လာရောက်၍ စာကြည့်တိုက်အသင်းဝင်ကတ်များကို အခမဲ့ ပြုလုပ်၍စာအုပ်များကို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း၊ စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ကြောင်း၊ စာဖတ်သည့်လူနှင့် စာမဖတ်သည့်လူအသိပညာကြွယ်ဝမှုမတူကြောင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/သူများက ခင်းကျင်းပြသထားသောစာအုပ်/စာစောင်များကို စိတ်ဝင်စား စွာဖတ်ရှုလေ့လာကြပြီးသုတ၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ ဂျာနယ်၊ဝတ္တု စာအုပ်များနှင့်စာစောင်များကို စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)