ပေါင် စက်တင်ဘာ ၈
မွန်ပြည်နယ် ပေါင်မြို့နယ်၌ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပေါင်မြို့နယ် စာတတ်မြောက်ရေးအဖွဲ့ဝင် အငြိမ်းစားဆရာမကြီး ဒေါ်ခိုင်ခိုင်ဝေက စာတတ်မြောက်ရေးဆိုသည်မှာ အလိမ္မာ စာမှာရှိသကဲ့သို့ စာတတ်မြောက်မှသာလျှင် အမှားအမှန်၊ အဆိုအကောင်း ခွဲခြားသုံးသပ် ဆုံးဖြတ်နိုင်စွမ်းရှိခြင်း၊ စာတတ်မြောက်မှ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ဖွံဖြိုးတိုးတက်မှုသည် ထိုနိုင်ငံ၏စာတတ်မြောက်မှုနှုန်းနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာမှီတည်လျက်ရှိကြောင်း စသည့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Talk Show ပြုလုပ်ခြင်းဖြင့် ပြည်သူများ အသိပညာများ တိုးပွားစေရန် ရည်ရွယ်ပါသည်။
မွန်မလေး (ပြန်/ ဆက်)