မိတ္ထီလာ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန် နေ့နံနက် ၁ဝ နာရီအချိန်က အထက(၃)ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးအောင်အောင်ကြွယ်က အသိပညာပေးဟောရာ၌ ထမင်းအသက်ခုနစ်ရက်၊ ရေအသက်တစ်မနက်လို့ဆိုရိုးရှိသော်လည်း လေအကြောင်းမပါလာကြောင်း၊ သိပ္ပံပညာရှင်များ၏ စစ်တမ်းအရ (၄)မိနစ်မရှူရလျှင် အသက်ဆုံးရှုံးနိုင်ကြောင်း၊ လေ၏အရေးပါမှုအကြောင်းနှင့် အဆိုပါလေထု၏ အတိုင်းအတာကိုလည်းသိပ္ပံပညာရှင်တို့ တွက်ချက်လေ့လာဆဲဖြစ်ကြောင်းနှင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်လာပါက ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ သစ်ပင်များသည်ကာဗွန်ဒိုင်အောက်ဆိုဒ်အားစုပ်ယူ၍ အောင်စီဂျင်အားဖြည့် တင်းပေးသည့်အတွက် သစ်ပင်စိုက်ပျိုးရန်လိုကြောင်း၊ စက်ရုံအလုပ်ရုံများမှလည်း သတ် မှတ်စံချိန် စံညွှန်းအတိုင်း လိုက်နာဆောင်ရွက်မည်ဆိုပါက သန့်ရှင်းသော လေအားအပြည့်အဝရမည်ဖြစ်ကြောင်း စသည်ဖြင့် အသိ ပညာပေးဟောပြောသည်။ ဆက်လက်၍ လေထုညစ်ညမ်းမှုဆိုင်ရာများအကြောင်းကို ဒုတိယဦးစီးမှူးဒေါ်ညိမ်းရည်မွန်က ဟောပြောခဲ့ပြီး အဆို ပါ အသိပညာပေးဟောပွဲသို့ အထက(၃) မှ ကျောင်းအုပ်၊ ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ချမ်းသာ