ရွှေကူမြို့နယ် ခုံခမ်း အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် လူငယ်လူရွယ်များစာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြသခြင်းနှင့်စာဖတ်ဝိုင်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ရွှေကူမြို့ အမှတ်(၁) ရပ်ကွက်ရှိ ခုံခမ်း အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုစောင်း ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အပိုစောင်းထိုးနှံပေးခြင်းကို

မိုင်းယောင်းတွင် သွားလာရခက်ခဲသော တောင်ပေါ်တိုင်းရင်းသားကျေးရွာများ၌ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဝေးလံခေါင်သီပြီး သွားလာရခက်ခဲသော တောင်ပေါ်တိုင်းရင်းသားကျေးရွာဖြစ်သည့် ဟွေဖ(အပေါ်ရွာ)ရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို ယနေ့တွင် တာဝန်ရှိသူများက သွားရောက်ထိုးနှံပေးခဲ့သည်။

မိုးနဲမြို့နယ်၌ လုံခြုံရေး၊ တရားမဝင်ကုန်စည်များတင်သွင်းမှု မရှိစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး ပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် တပ်နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မြို့နယ်လုံခြုံရေး ၊တရားမဝင်ကုန်စည်များ တင်သွင်းမှုမရှိစေရေးနှင့်ပြည်သူများ ယာဉ်အန္တရယ်ကင်းရှင်းရေး အတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုပညာရည် ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်ကျင်းပရာ

ဗန်းမော်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့်ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်မည့် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၄)ရွာမှ ကျေးရွာကော်မတီ ဝင်များအား ကျေးရွာစီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ဗန်းမော်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့က ပူးပေါင်းဖွင့်လှစ်ခြင်းကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ

မိုးညှင်း၌ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား ၈၂၀ ဦးအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ၂၀၂၂−၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ် ဒုတိယသုံး လပတ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား တစ်ဦးလျှင် ၃၀၀၀၀ နှုန်းဖြင့် ယနေ့ နံနက် ၁၀ နာရီမှစ၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲဝင်များ၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်းဝင်များက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

လင်းခေးခရိုင်၊ လင်းခေးမြို့၊ မြို့မစျေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ စည်ပင်သာယာစျေးကြီးအတွင်း မီးသတ်ဦးစီးဌာနမှ စျေးအခြေပြုမီးဘေးလုံခြုံရေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်  လက်တွေ့မီးငြိမ်းသတ်သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က

ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများအား စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့နာရီစင်ရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။
Subscribe to