မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုစောင်း ထိုးနှံပေး

မိုင်းတုံ စက်တင်ဘာ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အပိုစောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက် ပိုင်းက ဝမ်မိုင်မူလွန်နှင် ဖာချယ်အမကစာသင်ကျောင်းတွင် ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) အပိုစောင်းထိုးနှံပေးရာတွင်  ခရိုင် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံသည့်‌ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ဆောင်ရွက်ပြီး  ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်၍ ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်ကာကွယ်ဆေး အပို‌စောင်းကိုကျောင်းသား၊ ကျောင်းသူအားလုံးထိုးနှံပေးခဲ့သည်။ အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျန်းမာရေး ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဆေးထိုးအဖွဲ့တွင် တာဝန်ပေးအပ်ခံရသူများ၊ ခရိုင်အမျိုး သမီး‌ရေးရာအဖွဲ့ နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များကကာကွယ် ဆေးထိုး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုတို့ကို မိုင်းတုံအခြေချ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးနှင့်အဖွဲ့များ၊ ခရိုင် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော်နှင့်အဖွဲ့များက လိုက်လန်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်  (မိုင်းတုံ၊ပြန်/ဆက်)